ပြည်တွင်းအခွန်များဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် စက်တင်ဘာလကုန်အထိ အခွန်အရပ်ရပ် ကောက်ခံရရှိမှု

နေပြည်တော် အောက်တိုဘာလ ၁၇

          ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် စက်တင်ဘာ လကုန် အထိ အခွန်အရပ်ရပ် ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ် ၆၇၄၈.၂၈၀ ဘီလီယံ ဖြစ်သဖြင့် လျာထားချက်၏ ၁၀၈.၁၇% ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ကောက်ခံရရှိမှုတွင် နိုင်ငံပိုင် ကဏ္ဍမှ ကျပ် ၁၃၈၁.၁၁၉ ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ် ၁.၈၆၂ ဘီလီယံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၅၃၆၅.၂၉၉ ဘီလီယံ ပါဝင်ကြောင်း သိရှိရ ပါသည်။

          ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် စက်တင်ဘာလကုန်အထိ အခွန်တစ်မျိုးချင်းကောက်ခံရရှိမှု အခြေအနေမှာ ဝင်ငွေခွန် ကျပ် ၂၈၃၃.၉၅၁ ဘီလီယံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၂၂၈၁.၄၇၁ ဘီလီယံ၊ အထူးကုန်စည်ခွန် ကျပ် ၁၄၂၉.၁၂၁ ဘီလီယံ၊ တံဆိပ်ခေါင်းခွန် ကျပ် ၅၉.၇၀၉ ဘီလီယံ နှင့် အောင်ဘာလေသိန်းဆုခွန် ကျပ် ၁၄၄.၀၂၈ ဘီလီယံ တို့ဖြစ်ကြောင်း သိရှိရပါသည်။

PDF Upload

Attachment Size
Collection[351].pdf 23.26 KB