ပြည်တွင်းအခွန်များဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ အခွန်အရပ်ရပ် ကောက်ခံရရှိမှု အခြေအနေ

နေပြည်တော် ဇန်နဝါရီ ၂၁

          ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန် အထိ အခွန်အရပ်ရပ် ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ် ၁၆၅၄.၉၅၄ ဘီလီယံ ဖြစ်သဖြင့် လျာထားချက်၏ ၂၄.၈၅% ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၂၁၃.၅၁၈ ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ် ၀.၄၂၀ ဘီလီယံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၁၄၄၁.၀၁၆ ဘီလီယံ ပါဝင်ကြောင်း သိရှိရ ပါသည်။

          ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ အခွန်တစ်မျိုးချင်းကောက်ခံရရှိမှု အခြေအနေမှာ ဝင်ငွေခွန် ကျပ် ၆၃၅.၃၉၀ ဘီလီယံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၅၃၈.၅၁၃  ဘီလီယံ၊ အထူးကုန်စည်ခွန် ကျပ် ၄၁၇.၇၆၁ ဘီလီယံ၊ ရတနာခွန် ကျပ် ၃.၄၃၃ ဘီလီယံ၊ တံဆိပ်ခေါင်းခွန် ကျပ် ၂၁.၁၆၂ ဘီလီယံ နှင့် အောင်ဘာလေသိန်းဆုခွန် ကျပ် ၃၈.၆၉၅ ဘီလီယံ တို့ဖြစ်ကြောင်း သိရှိရပါသည်။