ပြည်တွင်းအခွန်များဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မတ်လကုန်အထိ အခွန်အရပ်ရပ် ကောက်ခံရရှိမှု အခြေအနေ

နေပြည်တော် ဧပြီလ ၂၈

          ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ် မတ်လကုန်အထိ အခွန်အရပ်ရပ် ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ် ၃၅၀၈.၂၉၈ ဘီလီယံဖြစ်သဖြင့် လျာထားချက်၏ ၅၂.၆၈% ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ကောက်ခံရရှိမှု တွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၄၄၇.၅၃၃ ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ် ၀.၆၉၃ ဘီလီယံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၃၀၆၀.၀၇၂ ဘီလီယံ ပါဝင်ကြောင်း သိရှိရပါသည်။

          ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မတ်လကုန်အထိ အခွန်တစ်မျိုးချင်းကောက်ခံရရှိမှု အခြေအနေမှာ ဝင်ငွေခွန် ကျပ် ၁၄၅၁.၄၀၉ ဘီလီယံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၁၁၄၈.၉၁၀ ဘီလီယံ၊ အထူးကုန်စည်ခွန် ကျပ် ၇၆၀.၅၉၆ ဘီလီယံ၊ ရတနာခွန် ကျပ် ၈.၉၈၂ ဘီလီယံ၊ တံဆိပ်ခေါင်းခွန် ကျပ် ၅၅.၆၂၂ ဘီလီယံ နှင့် အောင်ဘာလေသိန်းဆုခွန် ကျပ် ၈၂.၇၇၉ ဘီလီယံ တို့ဖြစ်ကြောင်း သိရှိရပါသည်။