ပြည်တွင်းအခွန်များဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလကုန်အထိ အခွန်အရပ်ရပ် ကောက်ခံရရှိမှု

နေပြည်တော် နိုဝင်ဘာလ ၂၈

          ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ် အောက်တိုဘာလကုန်အထိ အခွန်အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ် ၅၄၃.၄၉၅ ဘီလီယံ ဖြစ်သဖြင့် လျာထားချက်၏ ၈.၁၆% ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၆၇.၇၀၆ ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ် ၀.၁၇၁ ဘီလီယံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၄၇၅.၆၁၈ ဘီလီယံ ပါဝင်ကြောင်း သိရှိရ ပါသည်။

          ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလကုန်အထိ အခွန်တစ်မျိုးချင်းကောက်ခံရရှိမှုအခြေအနေမှာ ဝင်ငွေခွန် ကျပ် ၂၈၈.၀၉၉ ဘီလီယံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၁၀၇.၅၁၆  ဘီလီယံ၊ အထူးကုန်စည်ခွန် ကျပ် ၁၂၉.၄၈၈ ဘီလီယံ၊ ရတနာခွန် ကျပ် ၀.၃၅၉ ဘီလီယံ၊ တံဆိပ်ခေါင်းခွန် ကျပ် ၅.၂၀၂ ဘီလီယံနှင့်အောင်ဘာလေသိန်းဆုခွန် ကျပ် ၁၂.၈၃၁ ဘီလီယံတို့ဖြစ်ကြောင်း သိရှိရပါသည်။