ဘဏ္ဍာရေးနှစ်ပြောင်းလဲခြင်းအတွက် အကူးအပြောင်းကာလအတွင်းအခွန်ကောက်ခံမှုလုပ်ငန်းများအတွက် ဆောင်ရွက်သွားမည့် လုပ်ထုံးလုပ်နည်းများကိုကြိုတင်အသိပေးခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

ဘဏ္ဍာရေးနှစ်ပြောင်းလဲခြင်းအတွက် အကူးအပြောင်းကာလအတွင်းအခွန်ကောက်ခံမှုလုပ်ငန်းများအတွက် ဆောင်ရွက်သွားမည့် လုပ်ထုံးလုပ်နည်းများကိုကြိုတင်အသိပေးခြင်း

၁။         ၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၄၁ အရ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ နိုင်ငံတော်ကပြင်ဆင်သတ်မှတ်ထားသည့်    ဘဏ္ဍာရေးနှစ်နှင့်အညီဝင်ငွေနှစ် သို့မဟုတ် ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေ ရရှိသောနှစ်များကို တစ်ပြေးညီဖြစ်စေရေး ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

၂။       ၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၃၉၊ ပုဒ်မခွဲ(ခ) ပါပြဋ္ဌာန်းချက်အရ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှအပ ကျန်အခွန်ထမ်းအားလုံးအတွက် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိအကျိုးသက်ရောက်မည်ဖြစ်၍ အဆိုပါ ၆ လတာကာလနှင့်ပတ်သက်၍ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှအပဖြစ်သော ကျန်အခွန်ထမ်းအားလုံးအတွက် အောက်ဖော်ပြပါကိစ္စရပ်များနှင့် စပ်လျဉ်းသောသတ်မှတ်ချက် လုပ်ထုံးလုပ်နည်းများကို ပြည်တွင်းအခွန်များဦးစီးဌာန၏ Website (www.ird.gov.mm) တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်းအသိပေးအပ်ပါသည်-

               (က)        ကြေညာလွှာ တင်သွင်းခြင်း

               (ခ)          စည်းကြပ်နှစ် သတ်မှတ်ချက်

               (ဂ)          လိုက်နာကျင့်သုံးမည့် လုပ်ထုံးလုပ်နည်း။

 

ပြည်တွင်းအခွန်များဦးစီးဌာန