သမဝါယမဘဏ်လီမိတက်(CB Bank)၏ CB Pay & Internet Banking များကို အသုံးပြု၍ Online မှအခွန်ပေးဆောင်နိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေညာခြင်း

 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

သမဝါယမဘဏ်လီမိတက်(CB Bank)၏ CB Pay & Internet Banking များကို အသုံးပြု၍      Online မှအခွန်ပေးဆောင်နိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေညာခြင်း

၁။       ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းပြည်သူများ အခွန်ငွေပေးသွင်းရာတွင် အီလက်ထရောနစ်စနစ်များကို အသုံးပြု၍ လွယ်ကူလျင်မြန်စွာ ပေးဆောင်နိုင်ရေးအတွက် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏  CBM-NET စနစ်ရှိ Customer Credit Transfer (CCT) Function အသုံးပြု၍ ပုဂ္ဂလိကဘဏ် များမှတစ်ဆင့် Over the counter (OTC) ဖြင့် အခွန်ငွေ ပေးသွင်းခြင်းနှင့် IRD Website (www.ird.gov.mm) သို့ဝင်ရောက်၍  MPU e-Commerce မှတစ်ဆင့် MPU Debit Card အသုံးပြု၍ Online မှအခွန်ပေးသွင်းခြင်းကို အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) သတ်မှတ် ရရှိပြီးဖြစ်သော အခွန်ထမ်းများ အသုံးပြု ပေးဆောင်လျက်ရှိပါသည်။

၂။       ထို့ပြင် မိုဘိုင်းငွေပေးချေမှုစနစ်များဖြင့် အခွန်ပေး‌ဆောင်နိုင်ရန် ဆောင်ရွက်ခဲ့ရာ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁)၊ (၂)၊ (၃)နှင့် (၄) တို့ရှိ အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) သတ်မှတ်ရရှိပြီးဖြစ်သော အခွန်ထမ်းကုမ္ပဏီများအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၂၇) ရက်နေ့မှစ၍ သမဝါယမဘဏ်လီမိတက် (CB Bank) ၏    CB Pay & Internet Banking စနစ်များကို အသုံးပြု၍ အခွန်ငွေပေးဆောင်နိုင်ပြီ ဖြစ်ပါသည်။

၃။       ထိုသို့ အခွန်ပေးသွင်းရာတွင် ပေးသွင်းမှုအထောက်အထားများအဖြစ် သမဝါယမဘဏ်လီမိတက် (CB Bank) အနေဖြင့် အခွန်ထမ်းသို့ ဘဏ်ငွေလက်ခံဖြတ်ပိုင်း ကနဦးထုတ်ပေးမည်ဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများရှိ သက်ဆိုင်ရာအခွန်ရုံးများ၏ ငွေစာရင်းများသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ CBM-NET မှတစ်ဆင့်အခွန်ငွေ လွှဲပြောင်းပေးပြီးနောက် ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ငွေလွှဲပြောင်းပေးသွင်းပြီးကြောင်း အထောက်အထားများကို email အသုံးပြုပေးပို့ အကြောင်းကြားသွားမည်ဖြစ်ပါသည်။

၄။       အခြားသော ပုဂ္ဂလိကဘဏ်များ၏ အီလက်ထရောနစ်ငွေပေးချေမှုစနစ်များဖြင့် ဝန်ဆောင်မှုပေးနိုင်ချိန်တွင်လည်း ထပ်မံအသိပေး အကြောင်းကြားသွားမည် ဖြစ်ပါသည်။

၅။       သို့ဖြစ်ပါ၍ အခွန်ထမ်းပြည်သူများအနေဖြင့် ဘဏ်များသို့ ကိုယ်တိုင်(သို့) ကိုယ်စားလှယ်မှ ငွေသား/ချက်လက်မှတ်ဖြင့် သွားရောက်ပေးသွင်းမည့်အစား အီလက်ထရောနစ် ငွေပေးချေမှုစနစ်များ အသုံးပြု၍ လုံခြုံစိတ်ချစွာဖြင့် အခွန်ငွေများကို ပေးဆောင်ကြရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

၆။       အသေးစိတ်အချက်များကို ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်သည့် www.ird.gov.mm၊ သက်ဆိုင်ရာအခွန်ရုံးများနှင့် သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲ (e-Payment Section၊ ရန်ကုန်)၊ အမှတ် ၅၆၉/၅၇၇၊ ကုန်သည်လမ်းနှင့် မဟာဗန္ဓုလပန်းခြံ လမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ဖုန်းနံပါတ်-၀၁-၈၃၇၉၀၂၁ သို့ ဆက်သွယ်၍ မေးမြန်းစုံစမ်းနိုင်ပါသည်။

                                                                     

ပုံ (မင်းထွဋ်)

ညွှန်ကြားရေးမှူးချုပ်

ပြည်တွင်းအခွန်များဦးစီးဌာန