အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

       စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။      ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်တွင်းအခွန်များဦးစီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် အောက်ဖော်ပြပါလုပ်ငန်းများအား အိတ်ဖွင့်တင်ဒါ ခေါ်ယူမည်ဖြစ်ပါသည်-

(က) လှိုင်မြို့နယ်၊ အမှတ်(၈) ရပ်ကွက်၊ ၅၈ လမ်း၊ ဧရိယာ (၀.၅၉၆) ဧကပေါ်တွင် (၆၃'x၄၀') အကျယ်အဝန်းရှိ (၂) ခန်းတွဲ (၅) ထပ် ဝန်ထမ်းအိမ်ရာ (၃) လုံးဆောက်လုပ်ခြင်း၊ (၆၃၇') ရေမြောင်းဖောက်လုပ်ခြင်း၊ (၆၃၇'x၇') အုတ်ခြံစည်းရိုးကာရံခြင်းနှင့် အဝီစိတွင်း(၄") (၂)တွင်း တူးခြင်း၊       

(ခ) ဒလမြို့နယ်တွင် (၇၅'x၃၅') မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ရုံးသစ်ဆောက်လုပ်ခြင်း၊ (၁၅'x၁၀') နောက်ဆက်တွဲ (ရေချိုးခန်း၊ အိမ်သာ)၊ (၈၉.၆'x၁၁၀'x၆') အုတ်တံတိုင်းကာရံခြင်းနှင့် အမြင့်(၂')မြေဖို့ခြင်း၊

(ဂ) သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆) လုပ်သားလမ်းရှိ ဝန်ထမ်းအိမ်ရာများတွင် 33/11 KVA, 3MVA ဓါတ်အားခွဲရုံဆောက်လုပ်ခြင်း၊

(ဃ) အောင်ဘာလေသိန်းဆုဌာနခွဲ LED Display Board နှင့် ဆက်စပ်ပစ္စည်းများလဲလှယ် ဆောင်ရွက်ခြင်း။

၂။      အပိုဒ်(၁) ပါ လုပ်ငန်းများဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံသားကုမ္ပဏီများအား အောက်ပါအတိုင်း အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-

(က) တင်ဒါပုံစံရောင်းချမည့်ရက်

၃-၉-၂၀၂၀ ရက်

( ကြာသပတေးနေ့ )

(ခ) တင်ဒါပုံစံရောင်းချမည့်နေရာ

ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး

အမှတ်(၁၆၃/၁၆၇)၊ ပန်းဆိုးတန်းလမ်း(အလယ်ဘလောက်)၊ကျောက်တံတားမြို့နယ်၊

ရန်ကုန်မြို့

(ဂ) တင်ဒါပုံစံတင်သွင်းရမည့် နောက်ဆုံးရက်/အချိန်

 ၂-၁၀-၂၀၂၀ ရက်

 ( သောကြာနေ့ )

မွန်းလွဲ(၁၅:၀၀နာရီ)

(ဃ) တင်ဒါပုံစံဖွင့်လှစ်မည့်နေရာ

ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး

အမှတ်(၁၆၃/၁၆၇)၊ ပန်းဆိုးတန်းလမ်း(အလယ်ဘလောက်)၊ကျောက်တံတားမြို့နယ်၊

ရန်ကုန်မြို့။

 

၃။      အသေးစိတ်သိရှိလိုပါက ပြည်တွင်းအခွန်များဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး၊ ဖုန်း-၀၁-၂၅၂၅၄၃၊ ၀၁-၃၇၂၃၀၉ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်၍မေးမြန်းနိုင်ပါကြောင်းနှင့် တင်ဒါဖွင့်လှစ်မည့်ရက်နှင့်အချိန်တို့ကို ထပ်မံ၍ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ပါသည်။

 

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး၊ ရန်ကုန်မြို့