အီလက်ထရောနစ်ငွေပေးချေမှုစနစ်များကို အသုံးပြု၍ အခွန်ပေးဆောင်နိုင်ခြင်းကိစ္စနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း

စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အီလက်ထရောနစ်ငွေပေးချေမှုစနစ်များကို အသုံးပြု၍ အခွန်ပေးဆောင်နိုင်ခြင်းကိစ္စနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း

၁။ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းကုမ္ပဏီများ အခွန်ငွေပေးသွင်းခြင်းလုပ်ငန်းစဉ်တွင် လက်ရှိကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ရောဂါကို တတ်နိုင်သမျှ အကာအကွယ်ဖြစ်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေ ရန်နှင့် အီလက်ထရောနစ်စနစ်များကို အသုံးပြုကာ လွယ်ကူလျင်မြန်စွာ အခွန်ပေးဆောင်နိုင်ရန် ရည်ရွယ်၍ ပုဂ္ဂလိကဘဏ်များ၏ m-Banking, e-Banking, i-Banking စနစ်များနှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းအဖွဲ့အစည်းများ၏ Mobile Payment စနစ်များဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။ လက်ရှိတွင် အခွန်ထမ်းများအနေဖြင့် IRD Website (www.ird.gov.mm) ၏ Start Your Tax Online Payment မှတစ်ဆင့် Link ဝင်၍ MPU Corporate Debit Card အသုံးပြုကာ Online မှအခွန်ပေးသွင်းခြင်းနှင့် သမဝါယမဘဏ်လီမိတက် (CB Bank) ၏ CB Pay & Internet Banking စနစ်များဖြင့် အခွန်ငွေပေးသွင်းခြင်းစသည့် အီလက်ထရောနစ်ငွေပေး ချေမှုစနစ်များ အသုံးပြုပေးဆောင်နေပါသည်။

၃။ ထို့ပြင် ၂၀၂၀ ပြည့်နှစ်၊ မေလ (၂၅) ရက်နေ့မှစ၍ အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) သတ်မှတ်ရရှိပြီးဖြစ်သော အခွန်ထမ်းများအနေဖြင့် ဧရာဝတီဘဏ်လီမိတက်(AYA Bank) ၏ AYA Mobile Banking, Internet Banking & AYA Pay များကို အသုံးပြု၍ အခွန်ပေး ဆောင်နိုင်ပြီ ဖြစ်ပါသည်။

၄။ ထိုသို့ အခွန်ပေးသွင်းရာတွင် ပေးသွင်းမှုအထောက်အထားများအဖြစ် ဧရာဝတီဘဏ်လီမိတက် (AYA Bank) အနေဖြင့် အခွန်ထမ်းသို့ ဘဏ်ငွေလက်ခံဖြတ်ပိုင်း ကနဦးထုတ်ပေးမည်ဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများရှိ သက်ဆိုင်ရာအခွန်ရုံးများ၏ ငွေစာရင်း များသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ CBM-NET မှတစ်ဆင့် အခွန်ငွေ လွှဲပြောင်းပေးပြီးနောက် ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ငွေလွှဲပြောင်းပေးသွင်းပြီးကြောင်း အထောက်အထားများကို email အသုံးပြုပေးပို့အကြောင်းကြားသွားမည် ဖြစ်ပါသည်။

၅။ အခြားသော ပုဂ္ဂလိကဘဏ်များနှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းအဖွဲ့အစည်းများ၏ အီလက်ထရောနစ်ငွေပေးချေမှုစနစ်များဖြင့် ဝန်ဆောင်မှုပေးနိုင်ချိန်တွင်လည်း ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ပါသည်။

၆။ သို့ဖြစ်ပါ၍ အခွန်ထမ်းပြည်သူများအနေဖြင့် ဘဏ်များသို့ ကိုယ်တိုင်(သို့)ကိုယ်စားလှယ်မှ ငွေသား/ချက်လက်မှတ်ဖြင့် သွားရောက်ပေးသွင်းမည့်အစား အီလက်ထရောနစ်ငွေပေးချေမှုစနစ်များအသုံးပြု၍ လုံခြုံစိတ်ချစွာဖြင့် အခွန်ငွေများကိုပေးဆောင်ကြရန် တိုက် တွန်းနှိုးဆော်အပ်ပါသည်။

၇။ အသေးစိတ်အချက်များကို ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်သည့် www.ird.gov.mm တွင်ကြည့်ရှုနိုင်ပြီး သက်ဆိုင်ရာအခွန်ရုံးများနှင့် သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲ (e-Payment Section၊ ရန်ကုန်)၊ အမှတ် ၅၆၉/၅၇၇၊ ကုန်သည်လမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့်၊ကျောက်တံတားမြို့နယ်၊ ဖုန်းနံပါတ်-၀၁-၈၃၇၉၀၂၁ သို့ ဆက်သွယ်၍ မေးမြန်းစုံစမ်းနိုင်ပါသည်။

(ပုံ)မင်းထွဋ်

ညွှန်ကြားရေးမှူးချုပ်

ပြည်တွင်းအခွန်များဦးစီးဌာန