အောင်ဘာလေသိန်းဆုဌာနခွဲ၏ ကြေညာချက် ( ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၅ ရက်)

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

ကြေညာချက်

(ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ  ၂၅ ရက်)

                                        

၁။      (၁၅)ကြိမ်မြောက် ၁၀၀၀/- ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို ၁-၅-၂၀၂၀ ရက်နေ့တွင် အမှတ်(၃၈၄)၊ မဟာဗန္ဓုလလမ်းနှင့် ၃၇ လမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပသွားမည်ဖြစ်ပါသည်။

၂။       ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲသည် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများမှတစ်ဆင့် အောင်ဘာလေထီဝယ်ယူခွင့် ရရှိသူ များထံသို့ အချိန်မီဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

၃။      ယခုအခါ ဖြစ်ပေါ်လျက်ရှိသော COVID 19 ရောဂါအခြေအနေများကြောင့် အောင်ဘာလေထီ ဝယ်ယူခွင့်ရရှိသူများမှ အောင်ဘာလေထီလက်မှတ်များ လာရောက် ထုတ်ယူခြင်းမပြုသဖြင့် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးအသီးသီးတွင် အောင်ဘာလေထီလက်မှတ်များ ကျန်ရှိလျက် ရှိပါသည်။

၄။      အဆိုပါ ကျန်ရှိသော မရောင်းရထီလက်မှတ်များစာရင်းကို စိစစ်ပြုစုပြီးပါက (၁၅)ကြိမ်မြောက် ၁၀၀၀/-ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ခွဲဝေချီးမြှင့်မည့် ဆုမဲစာရင်းကို အချိန်မီ ထုတ်ပြန်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။