(၁၃) ကြိမ်မြောက် ကျပ် (၁၀၀၀) တန် အောင်ဘာလေထီလက်မှတ် နမူနာပုံစံကြေညာခြင်း

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

ကြေညာချက်

(၂၀၂၀ ပြည့်နှစ်၊  ဖေဖော်ဝါရီ လ ၁ ရက်)

၁။   ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁) ရက်နေ့တွင် ထီဖွင့်ပွဲပြုလုပ်ပေးမည့် (၁၃) ကြိမ်မြောက် ကျပ် (၁၀၀၀) တန် အောင်ဘာလေထီလက်မှတ်နမူနာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်−


၂။   (၁၃) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် ဆုမဲများမှာ အမြင့်ဆုံးဆု ကျပ်သိန်း (၁၅၀၀၀)၊  အနိမ့်ဆုံးဆုမဲမှာ ကျပ်(၅၀၀၀၀) ဖြစ်ပါသည်။

၃။   ထို့ပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသော ဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း (၂၅၀) အားလည်း ဆုမဲများထပ်မံချီးမြှင့်ပေးမည် ဖြစ်ပါသည်။

အောင်ဘာလေသိန်းဆုဌာနခွဲ