Chain Link ခြံစည်းရိုးကာရံခြင်းလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

Chain Link ခြံစည်းရိုးကာရံခြင်းလုပ်ငန်းအတွက်အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။      စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်  ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရုံးအမှတ် (၄၆) တွင် ၁၈၅၈'×၆' Chain Link ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်ရန်ရှိပါ သဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန်ဖိတ်ခေါ်ပါသည်-

တင်ဒါပုံစံရောင်းချမည့် နေ့ရက်/အချိန် - ၂၅-၄-၂၀၂၂
တင်ဒါပိတ်မည့် နေ့ရက်/အချိန် - ၆-၅-၂၀၂၂

တင်ဒါပုံစံရောင်းချမည့်နေရာနှင့်တင်ဒါတင်သွင်းရမည့်နေရာ

-

စီမံရေးရာဌာနခွဲ၊

(ဌာနစု-၅၊ မြေနှင့်အဆောက်အဦ ဌာနစိတ်)

ပြည်တွင်းအခွန်များဦးစီးဌာန

ရုံးအမှတ်(၄၆)၊ နေပြည်တော်

၂။         တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့် တင်ဒါခေါ်ယူမည့် အချက်အလက်များအား အသေးစိတ်သိရှိလိုပါက ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆)၊ နေပြည်တော် (ဖုန်း-၀၆၇-၃၄၃၀၅၅၂) သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

စီမံရေးရာဌာနခွဲ၊

(ဌာနစု-၅၊ မြေနှင့်အဆောက်အဦဌာနစိတ်)

ပြည်တွင်းအခွန်များဦးစီးဌာန

ရုံးအမှတ်(၄၆)၊ နေပြည်တော်

ဖုန်း-၀၆၇-၃၄၃၀၅၅၂