နည်းပညာလေ့လာသုံးသပ်ရေးကော်မတီ၏ (၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်း

နေပြည်တော် သြဂုတ် ၂၆

          ပြည်တွင်းအခွန်များဦးစီးဌာန၊ နည်းပညာလေ့လာသုံးသပ်ရေးကော်မတီ (Technical Review Committee TRC) ၏ (၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ ရုံးအမှတ် ၄၆ ရှိ ပြည်တွင်းအခွန်များဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၆-၈-၂၀၁၉ ရက်နေ့ နံနက် ၁၀:၀၀ နာရီ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ အစည်းအဝေးသို့ နည်းပညာလေ့လာသုံးသပ်ရေးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ Mr. Greg Topping (IMF Resident Advisor)၊  Mr. Colin Hutching (LTO Audit Expert)၊ Mr. Mark Keely (MTO-1 Audit Expert)၊ Mr. Kuge Tetsuya [MTO-1 Audit Advisor (JICA)]၊ Mr. Steve Vesperman (Senior Economist, IMF) တို့ အပါအဝင် အဖွဲ့ဝင် (၁၅) ဦး တက်ရောက်ခဲ့ကြပြီး အခွန်စည်းကြပ်မှုဆိုင်ရာ ကိစ္စရပ်(၆)ခုကို   ဆွေးနွေးခဲ့ကြပါသည်။