ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၃) သို့ သွားရောက် စစ်ဆေးခြင်း

ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်သည် ၂၀-၇-၂၀၁၈ ရက်နေ့ တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းရှိ အလယ်အလတ်အခွန်ထမ်းများ ဆိုင်ရာအခွန်ရုံး(၃)၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို သွားရောက်စစ်ဆေးခဲ့ပြီး ၎င်းရုံးရှိ ဝန်ထမ်းအားလုံးနှင့် တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို  ဆွေးနွေးမှာကြားခဲ့ပါသည်။