ပြည်ထောင်စုဝန်ကြီး၊ ဦးစိုးဝင်း ပြည်တွင်းအခွန်များဦးစီးဌာနသို့ လာရောက်၍ လိုအပ်သည်များမှာကြားခြင်း

၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ယနေ့ ၁၃-၇-၂၀၁၈ ရက်နေ့ နေ့လည် ၁၅: ၂၅ နာရီအချိန်တွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် ၄၆ အစည်း အဝေးခန်းမ၌ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် များအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများဆွေးနွေးခဲ့ပါသည်။

၂။ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဌာန၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာ ကြားခဲ့ပါသည်။