မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏(CBM-NET) စနစ်ကို စတင်ချိတ်ဆက်အသုံးပြုဆောင်ရွက်သည့် ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

ရန်ကုန်မြို့ ၊ စက်တင်ဘာလ ၂၄

၁။  ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းပြည်သူများ  လွယ်ကူစွာအခွန်ပေးဆောင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်၌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ CBM-NET Terminal စနစ်နှင့် Indirect Account Participant အဖြစ် အစိုးရအဖွဲ့အစည်းများတွင် ပထမဦးဆုံး တရားဝင်ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့သော ဌာနဖြစ်ခဲ့ပြီး  IRDGMMMYIAP Account ကို အသုံးပြု၍ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် Go-Live စတင်အသုံးပြုဆောင်ရွက်နိုင်ခဲ့ပါသည်။

၂။      အဆိုပါ Go-Live စတင်အသုံးပြုသည့် အခမ်းအနားကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးရှိ Mini Data Center(YGN) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးမှ ဌာနမှူး ဦးတက်ထွဋ်အောင်နှင့် သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မြတ်မင်းတို့မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး CBM-NET စနစ်ကို တာဝန်ယူဆောင်ရွက်မည့် ပြည်တွင်းအခွန်များဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများမှ စတင် အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။