မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၇၁) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ စက်တင်ဘာ ၁၃

  နေပြည်တော်၊ ရုံးအမှတ် ၄၆ ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ သင်တန်းခန်းမတွင် မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၇၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ ၁၃-၉-၂၀၁၉ ရက်နေ့ နံနက် ၀၈း၃၀ နာရီအချိန်၌ ကျင်းပခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က သင်တန်းဆင်းပွဲအမှာစကားပြောကြား၍ သင်တန်းတွင်ထူးချွန်ဆုရရှိသူများအားဆုချီးမြှင့်ခြင်းနှင့်သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

        အဆိုပါသင်တန်းဆင်းပွဲသို့ ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။