မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၇၂) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

ရန်ကုန် ဇူလိုင် ၂၉

      ရန်ကုန်မြို့၊ အောင်ဘာလေသိန်းဆုဌာနခွဲ၊ အစည်းအဝေးခန်းမတွင် မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၇၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ ၂၉-၇-၂၀၁၉ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်၌ ကျင်းပခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်ဥပဒေရေးရာ)  ဦးဇေယျကြည်ညွန့်က သင်တန်းဖွင့်ပွဲအမှာစကား ပြောကြားခဲ့ပါသည်။       

       အဆိုပါသင်တန်းဖွင့်‌ပွဲသို့ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တ(၉)ပတ်ကြာမြင့်မည်ဖြစ်ကာ  တက်ရောက်မည့်သင်တန်းသားဦးရေမှာ (၈၀)ဦးဖြစ်ပါသည်။