မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၇၄) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

နေပြည်တော် ဇန်နဝါရီ ၁၇

ပြည်တွင်းအခွန်များဦးစီးဌာန ၊ ရုံးအမှတ် ၄၆ ၊ နေပြည်တော်၌ ၁၇-၁-၂၀၂၀ ရက်နေ့ နံနက် ၈:၃၀ နာရီတွင် မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၇၄) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ကိုယ်စား ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတက်ရောက်၍ သင်တန်းဖွင့်ပွဲအမှာစကားပြောကြား ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနမှ ဌာနအကြီးအကဲများ၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ သင်တန်းသား/သင်တန်းသူများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တ (၁၀)ပတ် ကြာမြင့်မည်ဖြစ်ကာ  တက်ရောက်မည့် သင်တန်းသားဦးရေမှာ (၈၀)ဦး ဖြစ်ပါသည်။