ရငွေကြိုတင်ခန့်မှန်းရေးနှင့် စီမံကြီးကြပ်ရေးအဖွဲ့၏ အကြိုညှိနှိုင်းအစည်းအဝေးနှင့် Revenue Forecasting Workshop ကျင်းပခြင်း

နေပြည်တော် မေ ၇                                                                                                                                                                                           

  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် မက်ခရိုစီးပွားရေးစီမံခန့်ခွဲမှုကဏ္ဍဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ စတုတ္ထအကြိမ်မြောက်အစည်းအဝေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးနှင့် Revenue Forecasting Workshop ကို ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆) နေပြည်တော်တွင် နံနက် ၁၀:၀၀ နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

  အဆိုပါအကြိုညှိနှိုင်းအစည်းအဝေးနှင့် အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး) ဒေါ်မြမြဦး၊ World Bank မှ Economic Analyst Mr.Thanapat Reungsri၊ ရငွေကြိုတင်ခန့်မှန်းရေးနှင့် စီမံကြီးကြပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များနှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း (၁၂) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။