အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ရှင်းလင်းဆွေးနွေးခြင်း

ရန်ကုန်၊ စက်တင်ဘာ ၂၃

      အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၊ IMF Legal Department မှ အကြံပေးများဖြစ်ကြသည့် Mr. Irving Aw နှင့် Ms. Usha Chandradas တို့သည် ၁၆-၉-၂၀၁၉ ရက်နေ့မှ ၂၇-၉-၂၀၁၉ ရက်နေ့အထိ မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်ပြီး အဆိုပါခရီးစဉ်အတွင်း (၂၃-၉-၂၀၁၉ ရက်နေ့မှ ၂၅-၉-၂၀၁၉ ရက်နေ့အထိ) ရန်ကုန်မြို့ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးတွင် ပြည်တွင်းအခွန်များဦးစီးဌာန၏ ဥပဒေဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ရာ၊ ယနေ့ ၂၃-၉-၂၀၁၉ ရက်နေ့တွင် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

   အဆိုပါဆွေးနွေးပွဲသို့ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ‌(ဥပဒေနှင့်မူဝါဒရေးရာ) ဦးဇေယျကြည်ညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး) ဒေါ်မြမြဦး၊ ဥပဒေရေးရာဌာနခွဲ ညွှန်ကြားရေးမှူး ဦးသန်းဝင်း၊ သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲ ညွှန်ကြားရေးမှူး ဦးတင်မောင်သန့်၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးဌာနမှူး ဦးတက်ထွဋ်အောင်၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁) ဌာနမှူး ဒေါ်ခင်ယမုန်အောင်၊ Mr. Irving Aw (Legal Counsel of IMF)၊ Ms. Usha Chandradas (Expert of IMF)၊   Mr. Gregory Topping (Resident Advisor of IMF)၊ Mr. Andre Schoonbee (IT Expert)၊ Mr. Amenda (EU)၊ Mr. Colin Hutchins (Advisor of LTO)၊ Mr. Mark Keeley (Advisor of MTO-1), Mr. Tetsuya Kuge (MTO-1 Advisor) နှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။