အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးလုပ်ငန်းအစီအစဉ်ဦးစီးကော်မတီ (Tax Reform Program Steering Committee) ၏ (၄၄) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

နေပြည်တော် ဇူလိုင် ၃၀

      နေပြည်တော်၊ ရုံးအမှတ် ၄၆၊ပြည်တွင်းအခွန်များဦးစီးဌာန၊အစည်းအ‌ဝေးခန်းမတွင် ၃၀-၇-၂၀၁၉ရက်နေ့ နံနက်၁၀:၀၀နာရီ၌ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးလုပ်ငန်းအစီအစဉ် ဦးစီးကော်မတီ(Tax Reform Program Steering Committee)၏ (၄၄) ကြိမ်မြောက် အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူးချုပ် (မူဝါဒနှင့်ဥပဒေရေးရာ) ဦးဇေယျကြည်ညွန့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်ကြီးကြပ်) ဦးသန်းဇော်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်ပြုပြင်) ဒေါ်မြမြဦး၊ စီမံရေးရာဌာနခွဲ ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ ဦးစီးရုံးဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ကျော်တင့်၊စစ်ဆေးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်စိုးနိုင်၊ သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲ ညွှန်ကြားရေးမှူး ဦးတင်မောင်သန့်၊ စီမံချက်ရေးဆွဲကြီးကြပ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးသိန်းဇော်၊ အခွန်မူဝါဒနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးတင်ထွေး၊ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးခိုင်လျှံကျင့်ထန်၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၁) ဌာနမှူး ဒေါ်ခင်ယမုန်အောင်၊ Mr. Gregory Topping (IMF Resident Advisor)၊ Mr. Tetsuya KUGE (Administrative Advisor, JICA), Mr. Mark Keeley (Audit Advisor, World Bank), Ms. Viet Amanda Jame (Legal Advisor, EU) နှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။