အခွန်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

ရန်ကုန် ဇန်နဝါရီ ၂၈

     ရန်ကုန်မြို့၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၄) အစည်းအဝေးခန်းမတွင် ၂၂-၁-၂၀၂၀ ရက်နေ့ ကျောက်မျက်ရတနာများရောင်းချမှုအပေါ် အခွန်ကျသင့်ခြင်းနှင့် MPU ကတ် အသုံးပြုပြီး Online မှ အခွန်ပေးသွင်းနိုင်မှုအား ရှင်းလင်းခြင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၄) ဌာနမှူး ဦးဂျွန်စိန်ဂီနှင့် ဌာနစုမှူးများမှ ရှင်းလင်းဆွေးနွေးခဲ့ပြီး  ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးမှ အခွန်ထမ်းပြည်သူများ၏ မေးမြန်းချက်များအား ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။ အဆိုပါ ရှင်းလင်းဆွေးနွေးပွဲများသို့ အခွန်ထမ်းပြည်သူများနှင့် စိတ်ပါဝင်စားသူ လုပ်ငန်းရှင် စုစုပေါင်း (၁၆၃) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။