အခွန်ထမ်းဝန်ဆောင်မှုဆိုင်ရာသင်တန်းဆင်းပွဲ ကျင်းပခြင်း

ရန်ကုန် သြဂုတ် လ ၂၁

          ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန အလယ်အလတ်အခွန် ထမ်းများဆိုင်ရာအခွန်ရုံး(၁)၏ အစည်းအဝေးခန်းမတွင် အခွန်ထမ်းဝန်ဆောင်မှုဆိုင်ရာသင်တန်း ဆင်းပွဲအခမ်းအနားကို ၂၁-၈-၂၀၁၈ ရက်နေ့ ညနေ ၄:၃၀ နာရီ၌ ကျင်းပပြုလုပ်ခဲ့ရာ အခွန်ထမ်းကြီး များဆိုင်ရာအခွန်ရုံး ဌာနမှူး ဦးတက်ထွဋ်အောင်၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၁) ဌာနမှူး ဒေါ်ခင်ယမုန်အောင်၊  ပြည်တွင်းပြည်ပမှ သင်တန်းဆရာ/ဆရာမများနှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ သင်တန်းသား/သင်တန်းသူ (၃၉)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါအခမ်းအနားတွင် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးနှင့် အလယ်အလတ်အခွန် ထမ်းများဆိုင်ရာအခွန်ရုံး(၁)တို့မှ ဌာနမှူးများ၊ USOTA မှ Mr. Thomas Mc Murray နှင့် USOTA မှ Ms. Claritha Nichol တို့က သင်တန်းဆင်းအမှာစကားများ ပြောကြားခြင်းနှင့် သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခြင်းတို့ကို ဆောင်ရွက် ခဲ့ကြောင်းသိရှိရပါသည်။