၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခွန်အများဆုံး ထမ်းဆောင်ခဲ့သည့် အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း

မုံရွာ သြဂုတ်လ ၂၄

၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်ခဲ့သည့် အခွန်ထမ်း (၅၀) ဦးနှင့် ဝင်ငွေခွန်အများဆုံးထမ်းဆောင်ခဲ့သည့် အခွန်ထမ်း (၅၀) ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ၂၄-၈-၂၀၁၈ ရက်နေ့ နံနက် ၁၀:၀၀ အချိန်တွင် မုံရွာမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာ များနှင့် အခွန်ထမ်းပြည်သူများ စုစုပေါင်း ၂၂၀ ဦး တက်ရောက်ကြကြောင်းသိရှိရပါသည်။