၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်း၍ အကြံပြုချက်များပေးပို့နိုင်

နေပြည်တော်၊ သြဂုတ်လ (၂၄) ရက်

နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ တွင် (၂၄-၈-၂၀၁၈) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး ၁၂-ရက်မြောက်နေ့ အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ(မူကြမ်း)ကို လွှတ်တော်သို့တင်သွင်းခဲ့ပါသည်။ အဆိုပါဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရေးအတွက် (၂၅-၈-၂၀၁၈) ရက်နေ့မှစ၍ နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းဖော်ပြလျက်ရှိပြီး အကြံပြုစာ များကို ပြည်ထောင်စုလွှတ်တော်ရုံးသို့ လိပ်မူပေးပို့နိုင်ကြောင်း အသိပေးကြေညာထားပါသည်။ Online မှ လေ့လာလိုသူများအနေဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက် ဥပဒေ(မူကြမ်း) ကို ပြန်ကြားရေးဝန်ကြီးဌာန၏ Web Site www.moi.gov.mm တွင် ဝင်ရောက် လေ့လာနိုင်ပါကြောင်းနှင့် [email protected] သို့ အကြံပြုချက်များပေးပို့ နိုင်ကြောင်း သိရှိရပါသည်။