၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ(မူကြမ်း)အား ဥပဒေကြမ်းပူးပေါင်းရေးကော်မတီတွင် ရှင်းလင်းဆွေးနွေးခြင်း

နေပြည်တော် သြဂုတ်လ ၂၈

၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်းသည့် ဥပဒေကြမ်းပူးပေါင်းကော်မတီအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ(မူကြမ်း)ပါကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ၊ ဥပဒေကြမ်းပူးပေါင်း ကော်မတီဥက္ကဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန်နှင့် ကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ တာဝန်ရှိသူများ၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်မှတာဝန်ရှိသူများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စုလွှတ်တော်ရုံး တို့မှ တာဝန်ရှိသူများ၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဥပဒေနှင့်မူဝါဒရေးရာ)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။