,

နေပြည်တော် ဇူလိုင် ၁၁

   နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ITAS Super Users Team ရုံးခန်းတွင် ၁၁-၇-၂၀၁၉ ရက်နေ့ နံနက် ၁၀:၀၀ နာရီ၌ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ခေတ်မီနည်းပညာအသုံးချဘက်စုံလွှမ်းခြုံသောအခွန်စီမံခန့်ခွဲမှုစနစ် -Integrated Tax Administration System (ITAS) စနစ် အကောင်အထည်ဖော်နိုင်ရေးလုပ်ငန်းများအတွက် Supplier ဖြစ်သည့် Sogema ကုမ္ပဏီမှ ၎င်းတို့ SIGTAS Sandbox အသုံးပြုပုံနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ITAS Super Users Team မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။