ကြေညာလွှာတင်သွင်းခြင်း(Filing )

၁။ တစ်ဦးချင်းပုဂ္ဂိုလ်များ(Individual)
- လစာဝင်ငွေသာရရှိသူဖြစ်လျှင် ဝင်ငွေကြေညာလွှာတင်သွင်းရန် မလိုအပ်ပါ။

ဝင်ငွေကြေညာလွှာတင်သွင်းခြင်း
- ပစ္စည်းငှားရမ်းခြင်းမှဝင်ငွေကို ဝင်ငွေနှစ်ကုန်ဆုံးပြီးသုံးလအတွင်း
- အခြေပစ္စည်းမှမြတ်စွန်းငွေကို အခြေပစ္စည်းရောင်းချပြီး ရက်ပေါင်း (၃၀) အတွင်း
- အိမ်ခြံမြေအဆောက်အဦ၊မော်တော်ယာဉ်၊ရေယာဉ်၊အစုရှယ်ယာ ဝယ်ယူတည်ဆောက်ခြင်းအတွက် ယင်းသို့ဝယ်ယူတည်ဆောက်ချိန်တွင် ပုံစံပတခ(ဝင)-၁ ဖြင့် တင်သွင်းရမည်။ (Form ပုံစံများကို  form & publication link တွင် Download ပြုလုပ်၍ ရယူနိုင်ပါသည်။)

၂။ ကုမ္ပဏီ (Company)
အထူးကုန်စည်ခွန်ကြေညာလွှာ
- အထူးကုန်စည်ခွန် ကျသင့်သည့် ကုန်စည်များ တင်သွင်းသူသည့် အထူးကုန်စည်ခွန် ကြေညာလွှာပုံစံ ပတခ(အထခ)-၆ကို အကောက်ခွန်ဦးစီးဌာနသို့ တင်သွင်းရမည်။ အထူးကုန်စည်ခွန် ကျသင့်သည့် ကုန်စည်များ ထုတ်လုပ်တင်ပို့သူသည် အထူးကုန်စည်ခွန် ကြေညာလွှာပုံစံ ပတခ (အထခ)-၈ ကို မိမိကုမ္ပဏီစည်းကြပ်မှု ခံယူနေသည့်ရုံးသို့ သုံးလပတ်ကုန်ဆုံးပြီးနောက် တစ်လအတွင်း ပေးပို့ရမည်။ (အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၆)
- အထူးကုန်စည်ခွန်ကြေညာလွှာကို သုံးလတစ်ကြိမ်သာတင်သွင်းရပြီး၊ နှစ်ချုပ်ကြေညာလွှာ တင်သွင်းရန် မလိုအပ်ပါ။

သုံးလတစ်ကြိမ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ
- ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ကုန်စည်များထုတ်လုပ်၊ ရောင်းဝယ်ခြင်းဖြစ်လျှင် သုံးလတစ်ကြိမ် ကုန်ရောင်းကြေညာလွှာပုံစံ ပတခ(ကသခ-) ၅ ကိုလည်းကောင်း၊ ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ဝန်ဆောင်မှုလုပ်ငန်းဖြစ်လျှင် သုံးလတစ်ကြိမ် ဝန်ဆောင်မှုကြေညာလွှာပုံစံ ပတခ (ကသခ)- ၆ ကို လည်းကောင်း၊ သုံးလပတ် ကုန်ဆုံးပြီးနောက် တစ်လအတွင်း သက်ဆိုင်ရာစည်းကြပ်မှုခံယူနေသည့်ရုံးသို့ ပေးပို့ရမည်။

နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ
    နှစ်တစ်နှစ်အတွင်း ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့် ရောင်းရငွေ / ဝန်ဆောင်မှုရငွေ (ကျပ်သိန်း ၅၀၀ ကျော်လျှင်) ယင်းနှစ်အတွက်-
    အခွန်ရုံးမှစည်းကြပ်သည့်စနစ်တွင် စည်းကြပ်မှုခံယူနေသည့် အခွန်ထမ်းများအနေဖြင့်-
- နှစ်ချုပ်ကုန်ရောင်းကြေညာလွှာပုံစံပတခ(ကသခ)-၁၁ ကိုလည်းကောင်း၊

- နှစ်ချုပ်ဝန်ဆောင်မှုကြေညာလွှာ ပုံစံပတခ(ကသခ-)၁၂ကိုလည်းကောင်း၊
    အခွန်ရုံးမှစည်းကြပ်သည့်စနစ်တွင် စည်းကြပ်မှုခံယူနေသည့် အခွန်ထမ်းများအနေဖြင့်-
- ကုန်သွယ်လုပ်ငန်းခွန်နှစ်ချုပ်ကြေညာလွှာ ပတခ(ကသခ)-၁၁က ဖြင့်လည်းကောင်း၊
သက်ဆိုင်ရာနှစ်ကုန်ဆုံးပြီး သုံးလအတွင်း သက်ဆိုင်ရာအခွန်ရုံးသို့ ပေးပို့ရမည်။

ဝင်ငွေခွန်ကြေညာလွှာ
    အခွန်ရုံးမှစည်းကြပ်သည့်စနစ်တွင် စည်းကြပ်မှုခံယူနေသည့် အခွန်ထမ်းများအနေဖြင့်-
- ဝင်ငွေကြေညာလွှာပုံစံ ပတခ(ဝင)-၁ကို ဝင်ငွေနှစ်ကုန်ဆုံးပြီး သုံးလအတွင်း သက်ဆိုင်ရာအခွန်ဦးစီးရုံးသို့ ပေးပို့ရမည်။ အခြေပစ္စည်းရောင်းချခြင်းမှမြတ်စွန်းငွေရရှိခြင်းဖြစ်လျှင် ရောင်းချသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ယင်းအတွက် ကြေညာလွှာ ဖြင့်သီးသန့် တင်သွင်းရပါမည်။
    အခွန်ရုံးမှစည်းကြပ်သည့်စနစ်တွင် စည်းကြပ်မှုခံယူနေသည့် အခွန်ထမ်းများအနေဖြင့်-
- ဝင်ငွေခွန်အတွက် နှစ်ချုပ်ပုဂ္ဂိုလ်စုဝင်ငွေကြေညာလွှာ ပတခ(ဝင)-၁ခ နှင့် တစ်ဦးချင်းဝင်ငွေခွန်ကြေညာလွှာ ပတခ(ဝင)-၁က ဖြင့်လည်းကောင်း၊
- အခြေပစ္စည်းမှ မြတ်စွန်းငွေအတွက် စုပေါင်းတင်သွင်းသည့် အခြေပစ္စည်းမှမြတ်စွန်းငွေကြေညာလွှာ ပတခ(ဝင)-၁ဂ ဖြင့်လည်းကောင်း၊ တင်သွင်းရန်တာဝန်ရှိပါသည်။
- အခွန်စည်းကြပ်ခြင်းမပြုမီ မှားယွင်းချက်ရှိ၍ ပြင်ဆင်လိုလျှင် ပြင်ဆင်သည့် ဝင်ငွေကြေညာလွှာကို ပေးပို့နိုင်ပါသည်။
(Formပုံစံများကို forms & publications link တွင် Download ပြုလုပ်၍ ရယူနိုင်ပါသည်။)

- အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ်(SAS)ကျင့်သုံးသည့် ရုံးများတွင် စည်းကြပ်မှုခံယူလျက်ရှိသည့် ကုမ္ပဏီများအနေဖြင့် အဆိုပါ အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ်(SAS) နည်းလမ်းအတိုင်း အသုံးပြုရမည့်(SAS Form) ပုံစံများကို အသုံးပြု ဆောင်ရွက်ရပါမည်။
(SAS Form ပုံစံများကိုလည်း forms & publications link တွင် Download ပြုလုပ်၍ ရယူနိုင်ပါသည်။)

၃။ ကိုယ်ပိုင်လုပ်ငန်း (Self-employ)

အထူးကုန်စည်ခွန်ကြေညာလွှာ
- အထူးကုန်စည်ခွန် ကျသင့်သည့်ကုန်စည်များ တင်သွင်းသူသည် အထူးကုန်စည်ခွန် ကြေညာလွှာပုံစံ ပတခ(အထခ)-၆ကို အကောက်ခွန်ဦးစီးဌာနသို့ တင်သွင်းရမည်။ အထူးကုန်စည်ခွန် ကျသင့်သည့်ကုန်စည်များ ထုတ်လုပ်တင်ပို့သူသည် အထူးကုန်စည်ခွန် ကြေညာလွှာပုံစံပတခ(အထခ)-၈ကို သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးထံ သုံးလပတ် ကုန်ဆုံးပြီးနောက် တစ်လအတွင်း ပေးပို့ရမည်။(အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၁၆)
- အထူးကုန်စည်ခွန်ကြေညာလွှာကို သုံးလတစ်ကြိမ်သာတင်သွင်းရပြီး၊ နှစ်ချုပ်ကြေညာလွှာ တင်သွင်းရန် မလိုအပ်ပါ။

သုံးလတစ်ကြိမ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ
- ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ကုန်စည်များထုတ်လုပ်၊ ရောင်းဝယ်ခြင်း ဖြစ်လျှင် သုံးလတစ်ကြိမ်ကုန်ရောင်းကြေညာလွှာပုံစံ ပတခ(ကသခ)-၅ ကို လည်းကောင်း၊
- ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့် ဝန်ဆောင်မှုလုပ်ငန်းဖြစ်လျှင် သုံးလတစ်ကြိမ် ဝန်ဆောင်မှုကြေညာလွှာပုံစံ ပတခ(ကသခ)- ၆ ကိုလည်းကောင်း၊ သုံးလပတ်ကုန်ဆုံးပြီးနောက် တစ်လအတွင်း သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးထံ ပေးပို့ရမည်။

နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ
- နှစ်တစ်နှစ်အတွင်းကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့်ရောင်းရငွေ/ဝန်ဆောင်မှုရ ငွေ(ကျပ်သိန်း၅၀၀ကျော်လျှင်) ယင်းနှစ်အတွက်
- နှစ်ချုပ်ကုန်ရောင်းကြေညာလွှာပုံစံ ပတခ(ကသခ)-၁၁ ကိုလည်းကောင်း၊
- နှစ်ချုပ်ဝန်ဆောင်မှုကြေညာလွှာပုံစံ ပတခ(ကသခ-)၁၂ ကိုလည်းကောင်း၊
သက်ဆိုင်ရာနှစ်ကုန်ဆုံးပြီး သုံးလအတွင်း သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးမှူးထံ ပေးပို့ရမည်။
 
ဝင်ငွေခွန်ကြေညာလွှာ
- ဝင်ငွေကြေညာလွှာ ပုံစံပတခ(ဝင)-၁ကို ဝင်ငွေနှစ်ကုန်ဆုံးပြီး သုံးလအတွင်း သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးရုံးသို့ ပေးပို့ရမည်။
- အခွန်စည်းကြပ်ခြင်းမပြုမီ မှားယွင်းချက်ရှိ၍ ပြင်ဆင်လိုလျှင် ပြင်ဆင်သည့် ဝင်ငွေ ကြေညာလွှာကို ပေးပို့နိုင်ပါသည်။
(Form ပုံစံများကို forms & publications link တွင် Download ပြုလုပ်၍ ရယူနိုင်ပါသည်။)

၄။ သမဝါယမလုပ်ငန်းများ ( Co-operative )

အထူးကုန်စည်ခွန်ကြေညာလွှာ
- အထူးကုန်စည်ခွန် ကျသင့်သည့်ကုန်စည်များ တင်သွင်းလျှင် အထူးကုန်စည်ခွန်ကြေညာလွှာ ပုံစံ ပတခ(အထခ)-၆ကို အကောက်ခွန်ဦးစီးဌာနသို့ တင်သွင်းရမည်။ အထူးကုန်စည်ခွန် ကျသင့်သည့်ကုန်စည်များထုတ်လုပ်တင်ပို့လျှင် အထူးကုန်စည်ခွန် ကြေညာလွှာပုံစံ ပတခ (အထခ)-၈ ကိုမိမိအသင်း စည်းကြပ်မှုခံယူနေသည့်ရုံးသို့ သုံးလပတ် ကုန်ဆုံးပြီးနောက် တစ်လအတွင်း ပေးပို့ရမည်။  (အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၆)
- အထူးကုန်စည်ခွန်ကြေညာလွှာကို သုံးလတစ်ကြိမ်သာ တင်သွင်းရပြီး၊ နှစ်ချုပ်ကြေညာလွှာ တင်သွင်းရန်မလိုအပ်ပါ။

သုံးလတစ်ကြိမ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ
- ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့်ကုန်စည်များ ထုတ်လုပ်၊ ရောင်းဝယ်ခြင်းဖြစ်လျှင် သုံးလတစ်ကြိမ် ကုန်ရောင်းကြေညာလွှာ ပုံစံ ပတခ(ကသခ-) ၅ ကိုလည်းကောင်း၊
- ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ဝန်ဆောင်မှုလုပ်ငန်းဖြစ်လျှင် သုံးလတစ်ကြိမ်ဝန်ဆောင်မှု ကြေညာလွှာပုံစံ ပတခ(ကသခ)- ၆ ကိုလည်းကောင်း၊ သုံးလပတ်ကုန်ဆုံးပြီး နောက်တစ်လအတွင်း သက်ဆိုင်ရာ မိမိသမဝါယမအသင်းစည်းကြပ်မှု ခံယူနေသည့်ရုံးသို့ ပေးပို့ ရမည်။

နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ
- နှစ်တစ်နှစ်အတွင်း ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့်ရောင်းရငွေ/ဝန်ဆောင်မှုရငွေ (ကျပ်သိန်း၅၀၀ကျော်လျှင်) ယင်းနှစ်အတွက်
- နှစ်ချုပ်ကုန်ရောင်းကြေညာလွှာပုံစံ ပတခ(ကသခ)-၁၁ ကိုလည်းကောင်း၊
- နှစ်ချုပ်ဝန်ဆောင်မှုကြေညာလွှာပုံစံ ပတခ(ကသခ)-၁၂ ကိုလည်းကောင်း၊
 သက်ဆိုင်ရာနှစ်ကုန်ဆုံးပြီး သုံးလအတွင်း သက်ဆိုင်ရာအခွန်ရုံးသို့ ပေးပို့ရမည်။

ဝင်ငွေခွန်ကြေညာလွှာ
- ဝင်ငွေကြေညာလွှာပုံစံ ပတခ(ဝင)-၁ ကို ဝင်ငွေနှစ်ကုန်ဆုံးပြီး သုံးလအတွင်း  သက်ဆိုင်ရာ အခွန်ဦးစီးရုံးသို့ ပေးပို့ရမည်။ အခြေပစ္စည်းရောင်းချခြင်းမှမြတ်စွန်းငွေ ရရှိခြင်းဖြစ်လျှင် ရောင်းချသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ယင်းအတွက်ကြေညာလွှာကို  သီးသန့် တင်သွင်းရပါမည်။
- သမဝါယမနည်းဥပဒေ ၈၄ အရ နှစ်ချုပ်စာရင်းရေးဆွဲ၍ နည်းဥပဒေ ၈၂ အရ သမဝါယမဦးစီးဌာန စာရင်းစစ်ဖြင့် စစ်ဆေးပြီး စာရင်းစစ်အစီရင်ခံစာအရ မူလကြေညာလွှာနှင့် ကွဲလွဲလျှင်ပြင်ဆင်သည့် ဝင်ငွေကြေညာလွှာကို ပေးပို့ရပါမည်။
(Form ပုံစံများကို forms & publications link တွင် Download ပြုလုပ်၍ ရယူနိုင်ပါသည်။)
- အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ်(SAS) ကျင့်သုံးသည့်ရုံးများတွင် စည်းကြပ်မှုခံယူလျက်ရှိသည့် ကုမ္ပဏီများအနေဖြင့် အဆိုပါ အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ်(SAS) နည်းလမ်းအတိုင်း အသုံးပြုရမည့် (SAS Form) ပုံစံများကို အသုံးပြု ဆောင်ရွက်ရပါမည်။
(SAS Form ပုံစံများကိုလည်း forms & publications link တွင် Download ပြုလုပ်၍ ရယူနိုင်ပါသည်။)
    
၅။ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း(SEE)
အထူးကုန်စည်ခွန်ကြေညာလွှာ
- အထူးကုန်စည်ခွန်ကျသင့်သည့် ကုန်စည်များတင်သွင်းလျှင် အထူးကုန်စည်ခွန် ကြေညာလွှာပုံစံ ပတခ(အထခ)-၆ကို အကောက်ခွန်ဦးစီးဌာနသို့ တင်သွင်းရမည်။ အထူးကုန်စည်ခွန် ကျသင့်သည့် ကုန်စည်များထုတ်လုပ်တင်ပို့လျှင် အထူးကုန်စည်ခွန် ကြေညာလွှာပုံစံ ပတခ(အထခ)-၈ကို သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးထံ သုံးလပတ် ကုန်ဆုံးပြီးနောက် တစ်လအတွင်း ပေးပို့ရမည်။(အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၆)
- အထူးကုန်စည်ခွန်ကြေညာလွှာကို သုံးလတစ်ကြိမ်သာ တင်သွင်းရပြီး၊ နှစ်ချုပ်ကြေညာလွှာ တင်သွင်းရန်မလိုအပ်ပါ။

သုံးလတစ်ကြိမ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ
- ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့်ကုန်စည်များ ထုတ်လုပ်၊ ရောင်းဝယ်ခြင်းဖြစ်လျှင်  သုံးလတစ်ကြိမ်ကုန်ရောင်းကြေညာလွှာပုံစံ ပတခ(ကသခ-) ၅ ကိုလည်းကောင်း၊ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့် ဝန်ဆောင်မှုလုပ်ငန်းဖြစ်လျှင် သုံးလတစ်ကြိမ် ဝန်ဆောင်မှု ကြေညာလွှာပုံစံ ပတခ(ကသခ)-၆ကိုလည်းကောင်း၊ သုံးလပတ်ကုန်ဆုံးပြီး နောက်တစ်လအတွင်း သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးထံ ပေးပို့ရမည်။

နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ
နှစ်တစ်နှစ်အတွင်းလုပ်ငန်းက ရရှိသည့်ရောင်းရငွေ/ဝန်ဆောင်မှုရငွေ နှင့်စပ်လျဉ်း၍-
- နှစ်ချုပ်ကုန်ရောင်းကြေညာလွှာပုံစံ ပတခ(ကသခ)-၁၁ ကိုလည်းကောင်း၊
- နှစ်ချုပ်ဝန်ဆောင်မှုကြေညာလွှာ ပုံစံ ပတခ(ကသခ)-၁၂ကိုလည်းကောင်း၊
 သက်ဆိုင်ရာနှစ်ကုန်ဆုံးပြီး သုံးလအတွင်း သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးမှူးထံ ပေးပို့ရမည်။

ဝင်ငွေကြေညာလွှာ
နှစ်ချုပ်ဝင်ငွေကြေညာလွှာပုံစံ ပတခ(ဝင)-၁ ကို ဝင်ငွေနှစ်ကုန်ဆုံးပြီး သုံးလအတွင်း သို့မဟုတ် သက်ဆိုင်သောနှစ်အတွက် နှစ်ချုပ်စာရင်းများ ပြုစုပြီးသည့်နေ့မှ ရက်ပေါင်း(၃၀) အတွင်း သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးထံ ပေးပို့ရမည်။
- ပြည်ထောင်စုအစိုးရ၏ စာရင်းစစ်ဆေးခြင်းအစီအစဉ်အရ စစ်ဆေးပြီးစီးသောအခါ သက်ဆိုင်ရာနှစ်အတွက် မူလကြေညာထားသည့်အခွန်ငွေနှင့် ကွာခြားခဲ့လျှင် စာရင်းစစ်ဆေးခြင်းအစီရင်ခံစာ ရရှိပြီးနောက်  ရက်ပေါင်း(၃၀) အတွင်း ကြေညာလွှာအသစ် ပေးပို့ရမည်။
Form ပုံစံများကို forms & publications link တွင် Download ပြုလုပ်၍ ရယူနိုင်ပါသည်။)
- အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ်(SAS)ကျင့်သုံးသည့်ရုံးများတွင်စည်းကြပ်မှုခံယူလျက်ရှိသည့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ အနေဖြင့် အဆိုပါ အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ် (SAS) နည်းလမ်းအတိုင်းအသုံးပြုရမည့်(SAS Form) ပုံစံများကို အသုံးပြုဆောင်ရွက်ရပါမည်။
(SAS Form ပုံစံများကိုလည်း forms & publications link တွင် Download ပြုလုပ်၍ ရယူနိုင်ပါသည်။)