ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။
| စဉ် | ရုံးအမည် | တည်နေရာလိပ်စာ | ဖုန်းနံပါတ်များ |
|---|---|---|---|
| ၁ | အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံး(ရန်ကုန်) | အမှတ်၊ ၁၂၈/ ၁၃၂၊ ဒုတိယထပ်နှင့်တတိယထပ်၊ ပန်းဆိုးတန်းလမ်း(အလယ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။ | ၀၁-၈၃၈၉၃၁၁၊ ၀၁-၈၃၈၉၃၂၂၊ ၀၁-၈၃၇၈၃၇၂၊ ၀၁-၈၃၈၇၆၈၉ |
| ၂ | အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး(မန္တလေး) | အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၅) | ၀၂-၄၀၃၀၆၃၇၊၀၂-၄၀၃၀၆၃၈၊၀၂-၄၀၃၀၆၃၉ |
| ၃ | အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး(နေပြည်တော်) | ရုံးအမှတ်(၄၆)၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ နေပြည်တော်။ | ၀၆၇-၃၄၃၀၅၂၂၊ ၀၆၇-၃၄၃၀၅၄၄ |
| ၄ | ပြန်ကြားရေးအဖွဲ့ | ရုံးအမှတ်(၄၆)၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ နေပြည်တော်။ | ၀၆၇-၃၄၃၀၅၃၃ |
| စဉ် | ရုံးအမည် | တည်နေရာလိပ်စာ | ရုံးဖုန်း |
|---|---|---|---|
| ၁ | တံဆိပ်ခေါင်းအရောင်းကောင်တာ (ရန်ကုန်) | အမှတ်(၁၂/၃၃)၊ (၃၆)လမ်း(လယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။ | ၀၁-၈၃၈၆၆၃၁ |
| ၂ | တံဆိပ်ခေါင်းအရောင်းကောင်တာ (မန္တလေး) | ၆၅လမ်း၊ (၂၂-၂၃)လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေး။ | - |
| ၃ | တံဆိပ်ခေါင်းအရောင်းကောင်တာ(နေပြည်တော်) | ရုံးအမှတ် (၄၆)၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ နေပြည်တော်။ | - |
| စဉ် | ရုံးအမည် | တည်နေရာလိပ်စာ | ရုံးဖုန်း |
|---|---|---|---|
| ၁ | အောင်ဘာလေသိန်းဆုဌာနခွဲ(ရန်ကုန်) | အမှတ်(၃၈၄)၊ မဟာဗန္ဓုလလမ်းနှင့် (၃၇)လမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။ | ၀၁-၂၄၉၂၇၃ |
| ၂ | အောင်ဘာလေသိန်းဆုဌာနခွဲ(မန္တလေးရုံးခွဲ) | အကွက်အမှတ်(၄၁၇)၊ (၆၅)လမ်း၊ (၂၂)လမ်းနှင့်(၂၃)လမ်းကြား၊ အနှိပ်တော်ရပ်ကွက်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေး။ | ၀၂-၄၀၃၅၉၁၃ |