အခွန်ထမ်းမှတ်ပုံတင်ရန်
အခွန်ကြေညာလွှာတင်သွင်းရန်
အခွန်ပေးဆောင်ရန်
အောင်ဘာလေ အွန်လိုင်း သိန်းဆုထီထိုးရန်
လစဉ်အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို ပေးသွင်းရမည့် နောက်ဆုံးရက်ဖြစ်ပါသည်။
သုံးလပတ်ကုန်သွယ်လုပ်ငန်းခွန် ကြေညာလွှာတင်သွင်းရမည့် နောက်ဆုံးရက်ဖြစ်ပါသည်။
နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာနှင့် ဝင်ငွေကြေညာလွှာတို့ကို တင်သွင်းရမည့်နောက်ဆုံးရက်ဖြစ်ပါသည်။
သုံးလတစ်ကြိမ်ဝင်ငွေခွန်ပေးသွင်းခြင်း၊ သုံးလပတ်အထူးကုန်စည်ခွန် ကြေညာလွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်ရမည့်နောက်ဆုံးရက်ဖြစ်ပါသည်။
ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၈ အရ အလုပ်ရှင်မှ လစာနှစ်ချုုပ်စာရင်း တင်သွင်းရမည့်နောက်ဆုံးရက် ဖြစ်ပါသည်။
ညွှန်ကြားရေးမှူးချုပ်၏ နှုတ်ခွန်းဆက်လွှာ
ပြည်တွင်းအခွန်များဦးစီးဌာန၏ (၅၂)နှစ်မြောက် နှစ်ပတ်လည်နေ့အခါသမယတွင် ဌာနအနေဖြင့် ခေတ်မီကောင်းမွန်သော အခွန်စီမံအုပ်ချုပ်မှုစနစ် ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် အခွန်ထမ်းပြည်သူများ အခွန်ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင် လွယ်ကူအဆင်ပြေစေသော နည်းပညာအသုံးပြုအခွန် ဝန်ဆောင်မှုများအား အသုံးပြုနိုင်ရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်နည်းတူ အခွန်ထမ်း ပြည်သူများအနေဖြင့်လည်း နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေများကို ပြဋ္ဌာန်းထားသည့် အခွန် ဥပဒေများနှင့်အညီ လိုက်နာပေးဆောင်ကာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ခေတ်အဆက်ဆက် နိုင်ငံတော်အတွက် လိုအပ်သော အခွန်ဘဏ္ဍာငွေများရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများနှင့် အခွန်ထမ်းပြည်သူ များအား အသိအမှတ်ပြုပါကြောင်းနှင့် အခွန်ထမ်းပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ စီးပွားရေးလုပ်ငန်းများ အောင်မြင်စွာ ဆက်လက်ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ဝန်ထမ်းများ၏ကိုယ်စား ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
ညွှန်ကြားရေးမှူးချုပ်
ပြည်တွင်းအခွန်များဦးစီးဌာန
အခွန်ထမ်းပြည်သူများအနေဖြင့် -
- အခွန်ထမ်းမှတ်ပုံတင်ရန်၊ ကြေညာလွှာတင်သွင်းရန် လိုအပ် သည့်ပုံစံများနှင့် အခွန်ထမ်းပြည်သူများသိရှိစေရန် ထုတ်ဝေ ထားသည့် အခွန်နှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များ အား Forms and Publications Link တွင် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။
- ကြေညာလွှာတင်သွင်းရန်ပုံစံများ (Fillable PDF ပုံစံများ) ကို eMail ဖြင့်ကြေညာလွှာတင်သွင်းရန်ပုံစံများ (Fillable PDF Form) တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
အခွန်ထမ်းပြည်သူများအနေဖြင့် -
- အခွန်ထမ်းပြည်သူများမှ ပြည်တွင်းအခွန်များဦးစီးဌာနသို့ မေးမြန်းထားသည့် အခွန်နှင့်ပတ်သက်သည့် အမေးအဖြေများ ကို သိရှိလိုပါက Asked Question Link တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
- အခွန်နှင့်ပတ်သက်သည့် ထပ်မံသိရှိလိုသည့် အကြောင်း အရာများရှိပါက အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံး (ရန်ကုန်) အမှတ်(၁၂၈/၁၃၂)၊ ဒုတိယ ထပ်နှင့် တတိယထပ်၊ပန်းဆိုးတန်းလမ်း (အလယ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်းနံပါတ် ၀၁-၈၃၈၉၃၁၁၊ ၀၁-၈၃၈၉၃၂၂၊ e-mail address- [email protected]၊ အခွန်ထမ်းဝန်ဆောင်မှုရုံး (နေပြည်တော်)၊ ရုံးအမှတ် (၄၆)၊ ဖုန်းနံပါတ် ၀၆၇-၃၄၃၀၅၂၂၊ ၀၆၇-၃၄၃၀၅၄၄၊ အခွန်ထမ်းဝန်ဆောင်မှုရုံး (မန္တလေး)၊ ၆၅လမ်း၊ ၂၂x ၂၃ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ ဖုန်းနံပါတ်- ၀၂-၄၀၃၀၁၉၂၊ ၀၂-၄၀၃၀၆၃၈၊ ၀၂-၄၀၃၀၆၃၉ သို့လူကိုယ်တိုင် ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
အခွန်ထမ်းပြည်သူများအနေဖြင့် -
- အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ်နှင့် စပ်လျဉ်းသည့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၂)မှ ဆွေးနွေးချက် များကို အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ်နှင့် စပ်လျဉ်း သည့်ဆွေးနွေးချက်များ link တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။