အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၃) တွင် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအား ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအား ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

               ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ရှင်းလင်းဆွေးနွေးပွဲကို ရန်ကုန်မြို့၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၃)ခန်းမတွင် ၂၀၁၈ ခုနှစ် ၊ ဇူလိုင်လ ၂၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၃)၊ ဌာနမှူး၊ ဒေါ်သီတာဝင်းမှ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့  အခွန်ထမ်းပြည်သူ ၂၄၈ ဦး တက်ရောက်ခဲ့ပြီး ၎င်းတို့သိရှိလိုသည် များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။