ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။
လစဉ်အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို ပေးသွင်းရမည့် နောက်ဆုံးရက်ဖြစ်ပါသည်။
သုံးလပတ်ကုန်သွယ်လုပ်ငန်းခွန် ကြေညာလွှာတင်သွင်းရမည့် နောက်ဆုံးရက်ဖြစ်ပါသည်။
နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာနှင့် ဝင်ငွေကြေညာလွှာတို့ကို တင်သွင်းရမည့်နောက်ဆုံးရက်ဖြစ်ပါသည်။
သုံးလတစ်ကြိမ်ဝင်ငွေခွန်ပေးသွင်းခြင်း၊ သုံးလပတ်အထူးကုန်စည်ခွန် ကြေညာလွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်ရမည့်နောက်ဆုံးရက်ဖြစ်ပါသည်။
ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၈ အရ အလုပ်ရှင်မှ လစာနှစ်ချုုပ်စာရင်း တင်သွင်းရမည့်နောက်ဆုံးရက် ဖြစ်ပါသည်။