နေပြည်တော်၊ မေလ ၂၃
နေပြည်တော်၊
ရုံးအမှတ်(၄၆)၊ ပြည်တွင်းအခွန်များဦးစီးဌာန၊
CEIR PROJECT MANAGEMENT OFFICE တွင် ၂၃-၅-၂၀၂၅ ရက်နေ့၊ နံနက် (၁၀)နာရီ၌ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးအစီအစဉ်
ဦးစီးကော်မတီ (Tax Reform Program Steering Committee)၏
(၇၁)ကြိမ်မြောက်အစည်းအဝေး ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပြည်တွင်းအခွန်များဦးစီးဌာန၊
ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံရေးရာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်
(အခွန်ဆိုင်ရာကြီးကြပ်ရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်
(ဥပဒေနှင့်မူဝါဒရေးရာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်
(အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်
(နည်းပညာ)၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ စီမံချက်ခေါင်းဆောင်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။