ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့်
ပဲခူးတိုင်းဒေသကြီး၊ရေတာရှည်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးဆောက်လုပ်ခြင်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အသစ်ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန်ဖိတ်ခေါ်အပ်ပါသည်-
က ( ၁၈ ' x ၃၆ ' ) RC ( ၂ ) ထပ် အဆောက်အဦဆောက်လုပ်ခြင်း ၁
ခ အုတ်ခြံစည်းရိုးကာရံခြင်း ( အုတ်တိုင် ) ( ၂၀၀ ' x ၆ ' ) လုပ်ငန်းဆောင်ရွက်ခြင်း ၁
(က) တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်နေ့ရက် - (၄-၆-၂၀၂၆)(ကြာသာပတေး)နေ့ (ရုံးချိန်အတွင်း)
(ခ )တင်ဒါလျှောက်လွှာနောက်ဆုံးရောင်းချမည့်နေ့ရက် - (၁၅ -၆-၂၀၂၆)(တနင်္လာ)နေ့ ညနေ ( ၁၆:၃၀) နာရီ
(ဂ )တင်ဒါလျှောက်လွှာနောက်ဆုံးတင်သွင်းရမည့်နေ့ရက်- (၁၅-၆-၂၀၂၆)(တနင်္လာ)နေ့ ညနေ (၁၆:၃၀) နာရီ
(ဃ)တင်ဒါဖွင့်လှစ်မည့်နေ့ရက်/အချိန် - (၁၉-၆-၂၀၂၆)(သောကြာ)နေ့ နံနက် (၉:၃၀) နာရီ
(င)တင်ဒါလျှောက်လွှာရောင်းချမည့်နေရာ - တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး၊
အမှတ်(၃၉)၊ ဂေါ်သဇင်လမ်း၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့
(စ) တင်ဒါဖွင့်လှစ်မည့်နေရာ - တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး၊အမှတ်(၃၉)၊ ဂေါ်သဇင်လမ်း၊
ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့
၂။ တင်ဒါပုံစံနှင့် တင်ဒါစည်းကမ်းချက်များကို ရုံးချိန်အတွင်း လူကိုယ်တိုင်လာရောက်ဝယ်ယူသည့် စနစ်ဖြင့် ရောင်းချမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက ပဲခူးတိုင်းဒေသကြီးအခွန် ဦးစီးဌာနမှူးရုံး၊ ငွေစာရင်းဌာနစု၊ ဖုန်း- ၀၉-၄၄၀၀၀၅၉၇၉ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
တင်ဒါကော်မတီ
ပဲခူးတိုင်းဒေသကြီး၊ ပြည်တွင်းအခွန်များဦးစီးဌာန
Attachments