ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။

Jun 03, 2026 IRD Admin

ပြည်တွင်းအခွန်များဦးစီးဌာန ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူးရုံး (အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

                                                                                                            ပြည်တွင်းအခွန်များဦးစီးဌာန

ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူးရုံး

(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)

၁။       ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူးရုံးမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် အောက်ပါလုပ်ငန်းများအား လုပ်ငန်းတင်ဒါပေး ဆောင်ရွက်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူ နိုင်ငံသားလုပ်ငန်းရှင်များ လာရောက်ယှဉ်ပြိုင်တင်သွင်း နိုင်ကြောင်း အသိပေးဖိတ်ခေါ်အပ်ပါသည်-

စဉ်

တည်ဆောက်ရေးလုပ်ငန်းအမျိုးအစား

အရေအတွက်

(က)

ပျဉ်းမနားမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၉၀' x ၄၃' x ၁၄')

RC တစ်ထပ် အသစ်တည်ဆောက်ခြင်း

(ခ)

ဇမ္ဗူသီရိမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး (၉၀' x ၄၃' x ၁၄')

RC တစ်ထပ် အသစ်တည်ဆောက်ခြင်း

 

 

၂။       တင်ဒါလျှောက်လွှာဖိတ်ခေါ်သည့်နေ့          -         ၅-၆-၂၀၂၆ (ရုံးချိန်တွင်း)

၃။       တင်ဒါလျှောက်လွှာပိတ်မည့်နေ့                 -         ၃-၇-၂၀၂၆ (ရုံးချိန်တွင်း)

၄။       တင်ဒါဖွင့်ပွဲကျင်းပမည့်ရက်                       -         ၆-၇-၂၀၂၆    

၅။       တင်ဒါဖွင့်တင်သွင်းရမည့်နေရာ                  -          ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာန                                                                      မှူးရုံး၊ ပ-၂၇၊ ညောင်ပင်ကြီးစုကျေးရွာ၊

                                                                                ပုဗ္ဗသီရိမြို့နယ်။

၆။       တင်ဒါလျှောက်လွှာပုံစံ၊ တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့် တင်ဒါခေါ်ယူမည့် အချက်အလက် များအား အသေးစိတ် သိရှိလိုပါက ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူးရုံး (ဖုန်း-၀၆၇-၅၅၀၂၉၀) သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Attachments