ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။

Feb 15, 2023 IRD Admin

နည်းပညာလေ့လာသုံးသပ်ရေးကော်မတီ၏ (၁၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

          ပြည်တွင်းအခွန်များဦးစီးဌာန၊ နည်းပညာလေ့လာသုံးသပ်ရေးကော်မတီ (Technical Review Committee TRC) ၏ (၁၀)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ ရုံးအမှတ် (၄၆) ရှိ ပြည်တွင်းအခွန်များဦးစီးဌာန အစည်းအဝေးခန်းမတွင် ၁၄-၂-၂၀၂၃ ရက်နေ့၊ နေ့လည် ၁၃:၀၀ နာရီ၌ ကျင်းပပြုလုပ် ခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးသို့ နည်းပညာလေ့လာသုံးသပ်ရေးကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေး မှူးများ တက်ရောက်ခဲ့ကြပြီး အခွန်ဆိုင်ရာနည်းပညာကိစ္စရပ်(၂)ခုကို ဆွေးနွေးခဲ့ကြပါသည်။