ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။

May 14, 2026 IRD Admin

အခွန်အရာရှိ လုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း

နိုင်ငံတော်၏ကျေးဇူးသစ္စာကိုစောင့်သိရန် အရေးကြီး ကြောင်း၊ အရည်အသွေးပြည့်ဝသည့် စံနမူနာပြဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားကြရန် မှာကြားသည်။

 

          ယခုဖွင့်လှစ်သည့်သင်တန်းတွင် အခွန်စီမံခန့်ခွဲမှုနည်းစနစ်များအပါအဝင် ဌာနတွင်းဘာသာရပ် (၁၇) ခု၊ ပြင်ပဘာသာရပ် (၆) ခုတို့ကို သင်ကြားပို့ချဆွေးနွေးသွားမည်ဖြစ်ပြီး၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ဒုတိယဦးစီးမှူးအဆင့် ဝန်ထမ်း (၄၀) ဦးဖြင့် ရက်သတ္တ ရှစ်ပတ်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။