ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။
နေပြည်တော်၊
ဇူလိုင်လ ၂၈
နေပြည်တော်၊ ရုံးအမှတ် (၄၆)၊ ပြည်တွင်းအခွန်များဦးစီးဌာန၊
အစည်းအဝေးခန်းမတွင် ၂၈-၇-၂၀၂၅ ရက်နေ့ နံနက် (၁၀:၃၀) နာရီ၌ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးအစီအစဉ်ဦးစီး
ကော်မတီ (Tax Reform Program Steering Committee) ၏ (၇၃) ကြိမ်မြောက် အစည်းအဝေးကို
ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပြည်တွင်းအခွန်များဦးစီးဌာန၊
ဒုတိယ ညွှန်ကြားရေးမှူးချုပ် (စီမံရေးရာ)၊
ဒုတိယညွှန်ကြားရေးမှူးချုပ် (အခွန်ဆိုင်ရာကြီးကြပ်ရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်
(အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး)၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ စီမံချက်ခေါင်းဆောင်များနှင့်
တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။