အခွန်ပေးဆောင်ခြင်း

၄။ အခွန်ပေးဆောင်ခြင်း(Payment)

အထူးကုန်စည်ခွန်
- အထူးကုန်စည်ခွန်ကျသင့်သည့် အထူးကုန်စည်များ တင်သွင်းခြင်းဖြစ်ပါက ကုန်စည် ကိုရွေးယူခြင်းမပြုမီပေးဆောင်ရမည်။ (အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၈(က) (၁))၊
- အထူးကုန်စည်ခွန် ကျသင့်သည့် အထူးကုန်စည်များ ထုတ်လုပ်လျှင်   ကျသင့်သည့်  အထူးကုန်စည်ခွန်ကို ရောင်းချသည့်လကုန်ဆုံးပြီး (၁၀)ရက်အတွင်း ပေးဆောင်ရ ပါမည်။(အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၈)(က)(၂)(ကက)             
- အထူးကုန်စည်ခွန် တင်ပို့လျှင် ကျသင့်သည့်အထူးကုန်စည်ခွန်ကို တင်ပို့သည့်လ၏ လကုန် ဆုံးပြီး(၁၀)ရက်အတွင်းပေးဆောင်ရပါမည်။(အထူးကုန်စည်ခွန်ဥပဒေပုဒ်မ၈)(က)(၃) 

   
လစဉ်ကုန်သွယ်လုပ်ငန်းခွန်    
- လစဉ်ရောင်းရငွေ/ ဝန်ဆောင်မှုရငွေအပေါ် ကျသင့် သည့် ကုန်သွယ်လုပ်ငန်းခွန်ကို သက်ဆိုင်ရာလကုန်ဆုံးပြီး(၁၀)ရက်အတွင်း ပေးဆောင် ရပါမည်။

ကြိုတင်ဝင်ငွေခွန်
- သက်ဆိုင်ရာဝင်ငွေနှစ်အတွင်း မိမိရရှိသည့် စုစုပေါင်းဝင်ငွေကိုခန့်မှန်းတွက်ချက်၍ ယင်းအပေါ်ကျသင့်မည့်ဝင်ငွေခွန်ကို  သုံးလတစ်ကြိမ် ကြိုတင်ပေးဆောင်ရမည်။ ပတခ(ဝင)-၁၈ ပုံစံချလန်ဖြင့် ပေးသွင်းရမည်ဖြစ်ပါသည်။

အပြီးသတ်စည်းကြပ်မှုအရပေးဆောင်ခြင်း
- ဝင်ငွေနှစ်ကုန်ဆုံး၍ နှစ်ချုပ်ကုန်ရောင်းကြေညာလွှာပတခ(ကသခ)-၁၁၊ နှစ်ချုပ် ဝန်ဆောင်မှုကြေညာလွှာပတခ(ကသခ)-၁၂ နှင့် ဝင်ငွေကြေညာလွှာပတခ(ဝင)-၁ များ တင်သွင်းပြီး ယင်းကြေညာလွှာများအရ ထပ်မံပေးဆောင်ရမည့်အခွန်ကို တစ်ပါတည်း ပေးဆောင်ရပါမည်။