ပြည်တွင်းအခွန်များဦးစီးဌာနနှင့် JICA မြန်မာရုံးခွဲတို့ ပူးပေါင်း၍ ဆွေးနွေးပွဲကျင်းပခြင်း

 

             နေပြည်တော်၊ ရုံးအမှတ် ၄၆ ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်          ၇-၈-၂၀၁၈ ရက်နေ့  နံနက် ၁၀:၀၀ နာရီ၌ ODA Loan Project များဖြင့် အကူအညီရယူ ဆောင်ရွက်သည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့များ စသည့် အစိုးရဌာနနှင့် ကော်မတီများသည် အခွန်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ ချောမွေ့စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်တွင်းအခွန်များဦးစီးဌာနနှင့် JICA မြန်မာ ရုံးခွဲတို့ ပူးပေါင်း၍ ညှိနှိုင်းဆွေးနွေးပွဲအား စီစဉ်ကျင်းပပြုလုပ်ခဲ့ပါသည်။

            အဆိုပါဆွေးနွေးပွဲတွင် ODA Loan Project များနှင့် စပ်လျဉ်း၍ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ဆိုင်ရာကိစ္စရပ်များကို အဓိကထားဆွေးနွေးခဲ့ကြပြီး JICA မြန်မာရုံးမှ တာဝန်ရှိသူများ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်မူဝါဒနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးတင်ထွေး၊ ဥပဒေရေးရာဌာနခွဲ ညွှန်ကြားရေးမှူး ဦးသန်းဝင်းတို့ ဦးဆောင်သည့် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြပါသည်။