ပြည်သူဘဏ္ဍာစီမံခန့်ခွဲခြင်းနှင့်ပြည်သူ့အခြေပြု တာဝန်ခံယူမှုဆိုင်ရာနည်းလမ်းများ၊ ကွန်ယက်များ ချိတ်ဆက်ခြင်းအခမ်းအနား

ဘားအံမြို့ စက်တင်ဘာလ ၂

Spectrum-Sustatinable Development Knowledge Network မှ ကြီးမှူး၍ ကျင်းပ ပြုလုပ်သော ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုနှင့် ပြည်သူ့အခြေပြုတာဝန်ခံယူမှုဆိုင်ရာ နည်းလမ်းများ၊ ကွန်ယက်များချိတ်ဆက်ခြင်းပွဲအား ကရင်ပြည်နယ်၊ ဘားအံမြို့နယ် Than Lwin Paradise Hotel သံလွင်ခန်းမ၌ ၁-၉-၂၀၁၈ ရက်နေ့မှ ၃-၉-၂၀၁၈ ရက်နေ့အထိ ၃ ရက် ကြာကျင်းပပြုလုပ်ခဲ့ရာ ၂-၉-၂၀၁၈ ရက်နေ့ မွန်းလွဲ ၁၅:၀၀ နာရီအချိန်၌ ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်နယ်အခွန် ဦးစီးဌာနမှူး ဦးသင်းထွဋ်ဟန်က အခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ NGO, INGO အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာနှင့် အရပ်ဖက်အဖွဲ့ အစည်းများမှအင်အား ၃၀ ဦးတက်ရောက်ခဲ့ကြပြီး အခွန်ဆိုင်ရာဥပဒေများနှင့်စပ်လျဉ်း၍ သိရှိလို သည်များကိုမေးမြန်းခဲ့ကြရာ ပြည်နယ်အခွန်ဦးစီးဌာနမှူးက ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရပါသည်။