အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးအစီအစဉ်ဦးစီးကော်မတီ (Tax Reform Program Steering Committee) ၏ (၆၀) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

နေပြည်တော်၊ ဧပြီလ ၂၆

 

နေပြည်တော်၊ ရုံးအမှတ် (၄၆)၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၆-၄-၂၀၂၄ ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီ၌ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးအစီအစဉ်ဦးစီး ကော်မတီ (Tax Reform Program Steering Committee) ၏ (၆၀) ကြိမ်မြောက်အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(စီမံရေးရာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဥပဒေနှင့်မူဝါဒရေးရာ)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ စီမံချက်ခေါင်းဆောင်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ ကြပါသည်။