ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့် အခွန်ဆိုင်ရာသိကောင်းစရာများ ရှင်းလင်းတင်ပြခြင်းအခမ်းအနား

မြစ်ကြီးနားမြို့ သြဂုတ်လ ၃၀

ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့် အခွန်ဆိုင်ရာသိကောင်းစရာများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို မြစ်ကြီးနားမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့ နံနက် ၁၀:၀၀ အချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဘဏ္ဍာ၊အခွန်၊စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝေလင်းနှင့် ကချင်ပြည်နယ်အခွန်ဦးစီး ဌာနမှူး ဦးအောင်ဝင်းတို့မှ အမှာစကားပြောကြားခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်နေဟိဏ်း မှ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဘဏ္ဍာ၊အခွန်၊စီမံကိန်းနှင့်စီးပွားရေး ဝန်ကြီးဌာန ဝန်ကြီး၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ကချင်ပြည်နယ်အခွန်ဦးစီးဌာနမှူးနှင့် တာဝန် ရှိသူများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ စားသောက်ဆိုင်၊ဟိုတယ်/တည်းခိုခန်းနှင့်ရွှေဆိုင်လုပ်ငန်း ရှင်များ စုစုပေါင်း (၁၃၂) ဦး တက်ရောက်ခဲ့ကြပြီး ၄င်းတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။