မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၇၃) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ အောက်တိုဘာ ၇

   ပြည်တွင်းအခွန်များဦးစီးဌာန ၊ ရုံးအမှတ် ၄၆ ၊ နေပြည်တော်၌ ၇-၁၀-၂၀၁၉ ရက်နေ့ နံနက် ၉:၀၀ နာရီတွင် မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၇၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ အခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း တက်ရောက်၍ သင်တန်းဖွင့်ပွဲအမှာစကား ပြောကြားခဲ့ပါသည်။

    အဆိုပါအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဌာနအကြီးအကဲများ၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ သင်တန်းသား/သင်တန်းသူများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တ (၁၁)ပတ် ကြာမြင့်မည်ဖြစ်ကာ  တက်ရောက်မည့် သင်တန်းသားဦးရေမှာ (၈၀) ဦး ဖြစ်ပါသည်။