ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍတွင် တည်ဆဲဥပဒေအရ ကျသင့်မည့် အထူးကုန်စည်ခွန်ပေးဆောင်ခြင်းနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခြင်း

   နေပြည်တော်၊ ရုံးအမှတ် ၄၆ ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ Call Room တွင် ၁၀-၈-၂၀၁၈ ရက်နေ့ နံနက် ၉:၃၀ နာရီ၌ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍတွင် တည်ဆဲဥပဒေအရ ကျသင့်မည့် အထူးကုန်စည်ခွန်ပေးဆောင်ခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်အတွက် အကျိုးရှိပြီး စီးပွားရေးလုပ်ငန်းရှင်များအတွက် မျှတသော အခွန်စနစ်ဖြစ်စေရေး မူဝါဒချမှတ်နိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။

   အဆိုပါအစည်းအဝေးတွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျကြည်ညွန့် နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြမြဦးတို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြပြီး မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း(MOGE)မှတာဝန်ရှိသူများ၊ Oil & Gas Planning Department(OGPD)မှ တာဝန်ရှိသူများနှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။