အခွန်ဆိုင်ရာသိကောင်းစရာများ ရှင်းလင်းပွဲ ကျင်းပပြုလုပ်ခြင်း

မြစ်ကြီးနားမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၏ အခြေခံပညာအထက်တန်းအဆင့် အခွန်ဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းပွဲအခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အ.ထ.က(၁) မြသီတာခန်းမတွင် ၂၀၁၈ ခုနှစ် ၊ သြဂုတ်လ ၃ ရက်နေ့ နံနက် ၉:၀၀ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်အခွန်ဦးစီးဌာနမှူး ဦးအောင်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိန်နွယ်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်နေဟိဏ်းတို့မှ ဟောပြောရှင်းလင်းခဲ့ကြပါသည်။

အဆိုပါ ရှင်းလင်းဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ(၃၀)ဦးနှင့် ကျောင်းသား/သူ (၁၂၀၀)ဦးတက်ရောက်ခဲ့ပြီး ၎င်းတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။