အခွန်ထမ်းဝန်ဆောင်မှုဆိုင်ရာသင်တန်းဖွင့်လှစ်ခြင်း

ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ထမ်းဝန်ဆောင်မှုဆိုင်ရာသင်တန်းကို ၁၄-၈-၂၀၁၈ ရက်နေ့မှ ၁၆-၈-၂၀၁၈ ရက်နေ့အထိ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာန အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး၏ သင်တန်းခန်းမတွင် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဌာနမှူး ဦးတက်ထွဋ်အောင်နှင့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးဌာနမှူး ဒေါ်ခင်ယမုန်အောင်တို့၏ ကြီးကြပ်မှုဖြင့် ကျင်းပပြုလုပ်လျှက်ရှိပါသည်။

အဆိုပါ သင်တန်းတွင် ပြည်တွင်းပြည်ပမှ ဆရာ/ဆရာမများက သင်ကြားပို့ချပေးလျက်ရှိပြီး အခွန်ထမ်းဝန်ဆောင်မှုပေးမည့် အရာထမ်း/အမှုထမ်း (၁၇)ဦးတို့က တက်ရောက်လျှက်ရှိကြောင်းနှင့် ဒုတိယအကြိမ် အခွန်ထမ်းဝန်ဆောင်မှုဆိုင်ရာသင်တန်းကို ၁၇-၈-၂၀၁၈ မှ ၂၁-၈-၂၀၁၈ ရက်နေ့ အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။