အထူးကုန်စည်ခွန်နှင့် အခွန်ဆိုင်ရာသိကောင်းစရာများ ရှင်းလင်းပွဲ ကျင်းပပြုလုပ်ခြင်း

မြစ်ကြီးနား     သြဂုတ်လ    ၂၀  

  မြစ်ကြီးနားမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၏ အထူးကုန်စည်ခွန်နှင့် အခွန်ဆိုင်ရာသိကောင်း စရာများ ရှင်းလင်းပွဲအခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ စုပေါင်းရုံး၌ ၂၀၁၈ ခုနှစ် ၊ သြဂုတ်လ ၁၀ ရက်နေ့ နေ့လည် ၂:၀၀ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်အခွန်ဦးစီးဌာနမှူး ဦးအောင်ဝင်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်နေဟိဏ်း တို့မှ ဟောပြောရှင်းလင်းခဲ့ကြပါသည်။

  အဆိုပါ ရှင်းလင်းဟောပြောပွဲသို့  ကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ ယစ်မျိုးလိုင်စင် ရယူထားသူများနှင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ စုစုပေါင်း(၉၅)ဦးတက်ရောက်ခဲ့ပြီး ၎င်းတို့ သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။