၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအားရှင်းလင်းခြင်းနှင့် အခွန်ပညာပေးဆွေးနွေးခြင်း

     ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအား ရှင်းလင်းခြင်းနှင့် အခွန်ပညာပေး ဆွေးနွေးခြင်းကို ရန်ကုန်မြို့၊ အောင်ဘာလေသိန်းဆုဌာနခွဲ အစည်းအဝေးခန်းမတွင် ၂၀၁၈ ခုနှစ် ၊ သြဂုတ်လ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၂)  ဌာနမှူး၊ ဦးထွန်းသန်းမှ ကြီးမှူးကျင်းပခဲ့ပြီး အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၂)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးစိုးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်စိန်တို့မှ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      အဆိုပါ ဆွေးနွေးပွဲသို့  အခွန်ထမ်းပြည်သူ ၃၄၁ ဦး တက်ရောက်ခဲ့ပြီး ၎င်းတို့သိရှိလိုသည် များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။