ကင်းလွတ်ခွင့်

၅။ အခွန်ထမ်း၏အခွင့်အရေးများ ( Taxpayer’s Rights )

ဥပဒေနှင့်အညီ အောက်ပါအခွင့်အရေးများ ရရှိပါသည်။

ကင်းလွတ်ခွင့် ( Exemption )

- နှစ်တစ်နှစ်အတွက် လစာဝင်ငွေ (၄၈) သိန်းထိ ဝင်ငွေခွန် ကင်းလွတ်ပါသည်။ (၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၉(က))
- နှစ်တစ်နှစ်အတွင်း မြေငှားရမ်းခြင်း၊ အဆောက်အအုံငှားရမ်းခြင်း၊ အခန်းငှားရမ်းခြင်း ရငွေ ကျပ်သိန်း(၅၀၀)ထိ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ရရှိပါသည်။( ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၅(ခ))
- အခြေပစ္စည်းမှမြတ်စွန်းငွေရရှိသူအနေဖြင့် နှစ်တစ်နှစ်အတွင်း ရောင်းချသည့်ပစ္စည်းတန်ဖိုး စုစုပေါင်း ကျပ်သိန်း(၁၀၀) မကျော်လျှင် မြတ်စွန်းငွေပေါ်ပေါက်စေကာမူ ဝင်ငွေခွန် ကင်းလွတ် ပါသည်။ ( ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၈ )